မိမိအကောင့်ကို ငွေရှာလို့ရတဲ့ Page ပုံစံပြောင်းနည်း
မိမိအကောင့်ကို ငွေရှာလို့ရတဲ့ Page ပုံစံပြောင်းနည်း (2025)
ရိုးရိုး Profile အကောင့်တွေကို Page အဖြစ်ပြောင်းတဲ့နည်းကို တင်ပေးလိုက်ပါတယ်။
Profile အကောင့်က Post တွေပုံမှန်တင်ပြီး လူကြည့်နှုန်းများတယ်ဆိုရင် Facebook Bonuses ကနေဝင်ငွေရဖို့ အခွင့်အလမ်းများပါတယ်။
ဒီလိုရဖို့ နောက်တစ်ချက်အရေးကြီးတာက မိမိအကောင့်က နိုင်ငံခြား Location နဲ့ဖြစ်နေရပါမယ်။
မြန်မာ Location နဲ့ဆိုရင် Bonuses ပွင့်ဖို့မဖြစ်နိုင်သေးပါဘူး။
အကောင့်ကနေ Page ပုံစံပြောင်းပြီး Bonuses ပွင့်သွားပြီဆိုရင်တော့ ပုံတွေစာတွေတင်ယုံနဲ့ ဝင်ငွေရနိုင်ပါပြီ။
Bonuses ပွင့်မပွင့်ကို Professional dashboard ထဲက Monetization နေရာမှာ Bonuses ခလုတ်လေးက Setup ဆိုပြီးပေါ်နေပါမယ်။
ဒီလိုပေါ်လာရင် Setup ကိုနှိပ်ပြီး စရင်းသွင်းနိုင်ပါပြီ။ နိုင်ငံခြား Location နဲ့ဖြစ်ရပါမယ်။
Page ပြောင်းထားတာကို မကြိုက်တော့လို့ Profile ပြန်ပြောင်းချင်တယ်ဆိုရင်လည်း ပြောင်းနည်းကို တစ်ခါထဲပြပေးထားပါတယ်။
တစ်ပုံချင်းထောက်ပြီး လေ့လာနိုင်ပါပြီ။
#ဆော့ဝဲလမ်းညွှန်
Post a Comment