တယ်လီဂရမ် Code မကျတဲ့ ပြဿနာ


တယ်လီဂရမ် Code မကျတဲ့ ပြဿနာက သူတို့ရဲ့အားနည်းချက်ပါ။ ဒါက မြန်မာနံပါတ်တွေမှာဘဲ အဖြစ်များပါတယ်။

ကျနော်တို့က အကောင့်ဝင်ထားပြီးသားဆိုရင် တစ်ခြားမှာအသစ်ဝင်တဲ့အခါ Code က ဖုန်းနံပါတ်ကိုမကျပါဘူး။ Telegram ထဲကိုဘဲကျပါတယ်။

လက်ရှိဖုန်းမှာ အကောင့်မထွက်ထားရသေးရင် အခြားဖုန်းမှာ ပြန်ဝင်တဲ့အခါ လက်ရှိ Telegram အကောင့်ထဲကို Code ပို့ပါတယ်။ အဲ့ဒါကိုကြည့်ပြီး အခြားဖုန်းမှာအကောင့်ပြန်ပြီးဝင်နိုင်ပါတယ်။

Telegram ရဲ့ ဒီအားနည်းချက်က ဒီကစတာပါ။

ကျနော်တို့က အကောင့်ထွက်ပြီးမှ ပြန်ဝင်တာတို့ တစ်ခြားဖုန်းမှာထပ်ဝင်တာတို့ဆိုရင် သူက Telegram အကောင့်ကိုဝင်ထားဆဲဘဲဆိုပြီး ဖုန်းနံပါတ်ကို Code မပို့တော့ပါဘူး။

Telegram အကောင့်ထဲပို့တယ်ဆိုရင်လည်း အကောင့်က ထွက်ထားတယ်ဆိုတော့ Code က ကြည့်လို့မရပါဘူး။

ဒီအတွက် ​အကောင့်ပြန်ဝင်ဖို့က တိုင်ပတ်ပါတယ်။

အကောင့်ထွက်ထားပေမဲ့ Login ဖြစ်နေတဲ့သဘောပါ။

ဒါက Telegram ရဲ့အားနည်းချက်ပါ။ မြန်မာဖုန်းနံပါတ်တွေမှာဘဲ အဖြစ်များပါတယ်။

အဲလိုဖြစ်နေလို့ အကောင့်ဝင်မရရင် Telegram Website ကနေ Telegram အကောင့်ကိုဖျက်ပြီးမှ အသစ်ပြန်လျှောက်နိုင်သလို Tegegram help center ကို စာပို့ပြီးလည်း ဖြေရှင်းနိုင်ပါတယ်။

Telegram Website ကနေ အကောင့်ပြန်ဖျက်နည်းကို နောက်တင်မဲ့ Post တွေမှာ တင်ပေးပါမယ်။

#ဆော့ဝဲလမ်းညွှန်

#ArKar