Facebook မှာ ကိုယ်ဘာအမှားတွေ လုပ်မိထားလဲကြည့်နည်း (2) မျိုး
Facebook မှာ ကိုယ်ဘာအမှားတွေ လုပ်မိထားလဲကြည့်နည်း (2) မျိုး
ကိုယ်တင်လိုက်တဲ့ Post တွေနဲ့ Share လိုက်တဲ့ Post တွေဟာ Facebook ရဲ့စည်းမျဥ်းနဲ့မကိုက်ညီရင် ဖျက်ချခံရနိုင်တဲ့အပြင် မိမိအကောင့်ကိုလည်း သတိပေးစာပို့တာ ခံရနိုင်ပါတယ်။
အဲ့လိုအမှားမျိုးလုပ်မိရင် မိမိအကောင့်က Post တွေတင်တဲ့အခါ လူကြည့်နှုန်းလျော့သွားပါတယ်။
အဓိကက ဒုတိယနည်းက Profile Status မှာ အမှားမရှိစေဖို့ပါ။
အဲ့ဒီကိုရောက်လာရင်တော့ အကောင့်ကို အဝါရောင်အဆင့် အနီရောင်အဆင့်ဆိုပြီးသတ်မှတ်လိုက်ပါတယ်။
အမှားနည်းရင် အဝါရောင်အဆင့်ပါ။
ဒါဆို လူကြည့်နှုန်း အနည်းငယ်လျော့သွားပါမယ်။
အမှားများရင် အနီရောင်အဆင့်ပါ။
အကောင့်ဖျက်ချခံရနိုင်ချေများသလို လူကြည့်နှုန်းလည်း မရမ်းကျသွားမှာပါ။
ဘာအမှားမှမလုပ်ထားရင် စိမ်းနေပါလိမ့်မယ်။
ဒါဆိုရင် ပုံမှန်ပါဘဲ။
အမှားလုပ်ထားတဲ့ Post တွေ Share တွေကို နှိပ်ပြီး အယူခံတင်လို့ရရင်တင်ပါ ဖျက်လို့ရရင် ဖျက်ပေးလိုက်ပါ။
အယူခံဝင်လို့မရရင် (သို့မဟုတ်) ဒီတိုင်းထားထားရင် 12 လပြည့်မှ အမှားလုပ်ထားတဲ့အရာက ပြန်ပျောက်ပြီး ပြန်စိမ်းမှာပါ။
ကိုယ်ဘာအမှားတွေလုပ်ထားလဲ ဒီနည်းအတိုင်း စစ်ဆေးနိုင်ပါပြီ။
#ဆော့ဝဲလမ်းညွှန်
Post a Comment