အရမ်းအသုံးဝင်တဲ့ အမိုက်စားဆော့ဝဲ (၃) ခု


အရမ်းအသုံးဝင်တဲ့ အမိုက်စားဆော့ဝဲ (၃) ခု
အသုံးဝင်ဖုန်းဆော့ဝဲ (၃) ခုကိုမျှဝေလိုက်ပါတယ်။

All Router Admin ဆောဝဲ
WiFi သူတိုင်းအတွက် မိမိ WiFi ကို Password ပြောင်းတာတွေ WiFi လူဦးရေကန့်သတ်တာတွေ WiFi အမည်ပြန်ပြောင်းတာတွေကို ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ဆော့ဝဲပါ။ Router Setting ထဲဝင်ဖို့ Username နှင့် Password တော့သိဖို့လိုပါမယ်။ အများအားဖြင့်တော့ WiFi စက်အနောက်မှာပြထားလေ့ရှိပါတယ်။
Play Store မှ ဒေါင်းယူရန်
https://play.google.com/store/apps/details?id=com.phuongpn.wifiroutersetup.wifinetworkinfo

Zello PTT Walkie Talkie ဆောဝဲ
ဖုန်းတွေအများချိတ်ဆက်ပြီး စကားပြောစက် ဝေါ်ကီတော်ကီလိုမျိုးအသုံးပြုနိုင်တဲ့ဆော့ဝဲလေးပါ။
လိုင်းဖွင့်ထားယုံနဲ့ ချိတ်ထားသူအချင်းအချင်း စကားပြောနေတာတွေကို ဖုန်းကနေကြားနေရမှာဖြစ်ပါတယ်။
ကိုယ်လိုင်းပေါ်မရှိရင်တောင် သူများတွေဘာပြောထားကြလဲ ပြန်နားထောင်လို့ရပါတယ်။
ကိုယ်တိုင်လည်း ဝင်ပြောနိုင်ပါတယ်။
Play Store မှ ဒေါင်းယူရန်
https://play.google.com/store/apps/details?id=com.loudtalks

Cast to TV ဆောဝဲ
ဖုန်း နဲ့ စမတ် TV ကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ဆော့ဝဲလေးပါ။
ဖုန်းကို TV မှာ ကြည့်လို့ရသလို TV ကိုလည်း ဖုန်းကနေ ပြန်ကြည့်နိုင်ပါတယ်။
Play Store မှ ဒေါင်းယူရန်
https://play.google.com/store/apps/details?id=cast.video.screenmirroring.casttotv

အားလုံးအဆင်ပြေပါစေ
ဆော့ဝဲလမ်းညွှန်