မုန်တိုင်းနဲ့ ရာသီဥတုအခြေအနေတွေကို ဖုန်းထဲကနေ စောင့်ကြည့်လေ့လာနိုင်တဲ့ ဆော့ဝဲ (4) ခု



မုန်တိုင်းနဲ့ ရာသီဥတုအခြေအနေတွေကို ဖုန်းထဲကနေ စောင့်ကြည့်လေ့လာနိုင်တဲ့ ဆော့ဝဲ (4) ခုကို တင်ပေးလိုက်ပါတယ်။

Windy ဆော့ဝဲ
ဒီဆော့ဝဲထဲမှာ မုန်တိုင်း၊ လေလမ်းကြောင်းတွေနဲ့ပတ်သက်ပြီး လက်ရှိဖြစ်နေတဲ့ ရာသီဥတု အခြေအနေ နဲ့ နောက်နာရီပိုင်း ရက်ပိုင်းအတွင်းမှာ ဆက်ဖြစ်မယ့် အခြေအနေတွေကိုပါ ခန့်မှန်းပြသပေးပါတယ်။
Play Store မှ ဒေါင်းယူရန်

Local Weather ဆော့ဝဲ
မိုးလေဝသအခြေအနေတွေကို စောင့်ကြည့်နိုင်ပြီး ဘယ်နေ့မှာမိုးရွာနိုင်မလဲ ဘယ်နေ့မှာအပူချိန်/အအေးချိန် ဘယ်လောက်ထိရှိနိုင်လဲ စတဲ့အချက်အလက်တွေကို တိတိကျကျ ကြည့်ရှုနိုင်တဲ့ဆော့ဝဲပါ။
Play Store မှ ဒေါင်းယူရန်

Zoom Earth ဆော့ဝဲ
ကမ္ဘာကြီးနဲ့ မိမိနေ့ထိုင်ရာနိုင်ငံရဲ့မြေပြင်ရာသီဥတုအခြေအနေတွေကို ဝေဟင်ကောင်းကင်ထပ်ကနေ Live တိုက်ရိုက် စောင့်ကြည့်လေ့လာနိုင်တဲ့ ဆော့ဝဲလေးပါ။
ပင်လယ်ရေလှိုုင်းနဲ့ လေပွေ ၊ တိမ်တိုက်အခြေအနေများကို တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။
Play Store မှ ဒေါင်းယူရန်

Windfinder ဆော့ဝဲ
မုန်တိုင်းဖြစ်နိုင်ချေ ရှိမရှိကို စောင့်ကြည့်လေ့လာနိုင်တဲ့ ဆော့ဝဲလေးပါ။
Search ကနေ မိမိကြည့်ချင်တဲ့ နိုင်ငံအမည်ကိုရိုက်ပြီး ကြည့်နိုင်ပါတယ်။
ကြိုတင်သတိပေးချက်များလည်း လုပ်ထားနိုင်တဲ့ဆော့ဝဲလေးပါ။
Play Store မှ ဒေါင်းယူရန်

အားလုံးအဆင်ပြေပါစေ
#ဆော့ဝဲလမ်းညွှန်