ထိုင်းမှာနေတဲ့သူတွေအတွက် အရမ်းအသုံးဝင်တဲ့ဆော့ဝဲ (8) မျိုး

ထိုင်းမှာနေတဲ့သူတွေအတွက် အရမ်းအသုံးဝင်တဲ့ဆော့ဝဲ (8) မျိုး
ထိုင်းမှာတစ်ခုခုဆို သူများမမေးရအောင် ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ ဆော့ဝဲ (8) မျိုးအကြောင်းကို စုစည်းမျှဝေလိုက်ပါတယ်။

တစ်ပုံချင်းစီမှာလည်း လင့်လေးတွေချပေးထားပါတယ်။ Save ထားလိုက်နော်။ 

Lalamove
ထိုင်းမှာ အိမ်ပြောင်း အခန်းပြောင်းဖို့ တစ်နေရာနဲ့တစ်နေရာကို ပစည်းမျိုးစုံသယ်ရန် သီးသန့်ကားဌားခေါ်လို့ရပါတယ်။

Livinginsider
ထိုင်းမှာ အိမ်းဌား ခြံဌားနဲ့ ဆိုင်ခန်းဌားတာတွေအတွက် ရှာဖွေနိုင်ပါတယ်။

MuvMi
စျေးသွား ကျောင်းသွား နီးနီးနားနားသွားလာဖို့ သုံးဘီး တုတ်တုတ်ကားဌားလို့ရပါတယ်။

ViaBus
ဘန်ကောက်မြို့တွင်းမှာ Bus ကားစီးဖို့ တည်နေရာထောက်ယုံနဲ့ ကိုယ်စီးရမဲ့ Bus ကားနံပါတ်ကိုသိနိုင်ပြီး Bus ကားအလာကိုစောင့်ကြည့်နိုင်ပါတယ်။

Bolt
ကားအရွယ်အစားမျိုးစုံ အိမ်စီးကား နဲ့ ဆိုင်ကယ်ကအစ ဌားလို့ရတဲ့စိတ်ချရတဲ့ ဆော့ဝဲဖြစ်ပါတယ်။

BKK Rail
MRT ၊ BTS မိုးပျံရထားစီးမဲ့သူတွေအတွက် ရထားလမ်းကြောင်းနဲ့ မှတ်တိုင်းများကို ကြည့်ရှုနိုင်နိုင်ပါတယ်။

Grab
အစားအသောက်တွေ မှာစားဖို့နဲ့ ကားဌားဖို့အတွက် အသုံးပြုနိုင်ပါတယ်။


GLO Lottery
ထိုင်းထီးပေါက်စဉ်ကြည့်ရန် လက်မှတ်ပေါ်က QR Scan ဖတ်ပြီး ထီတိုက်နိုင်ပါတယ်။

လိုအပ်လာရင် စမ်းသုံးကြည့်သင့်တဲ့ဆော့ (8) မျိုးဖြစ်ပါတယ်။

အားလုံးအဆင်ပြေပါစေ
#ဆော့ဝဲလမ်းညွှန်